Telegram Channel Joinရန်

Video Sources 1443 Views

  • Mega Unknown resource
Backwoods Blood Feud

Backwoods Blood Feud

Jun 22, 2026 85 Min.
Your rating: 0
1 1 vote
what going on?

Synopsis

ဓားပြတိုက်မှုတစ်ခု အလွဲလွဲအချော်ချော်ဖြစ်ပြီးနောက် ရဲတွေရန်ကနေ လွတ်အောင် ဆောင်းရာသီရဲ့ ဝေးလံခေါင်ဖျားလှတဲ့ တောနက်ကြီးထဲ သွားရောက်ပုန်းအောင်းခဲ့ရာကနေ… လူသားတွေကိုပါ သားကောင်အဖြစ် အမဲလိုက်မယ့် ကြောက်မက်ဖွယ် သတ္တဝါဆန်းဂိုဏ်းကြီးနှစ်ခုရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သွေးချောင်းစီး အချင်းချင်း သတ်ဖြတ်ပွဲကြီးကြားထဲ ညှပ်မိသွားမယ့် ၂၀၂၆ ခုနှစ်ထွက် သွေးပျက်စရာ သတ္တဝါဆန်း အက်ရှင်သရဲကားကြီး!

⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨

ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်၊ သည်းထိတ်ရင်ဖို အက်ရှင်ပြကွက်တွေနဲ့အတူ တစ်ကွက်ချင်းစီမှာ ရင်တမမနဲ့ သွေးဆူစရာ ခံစားကြည့်ရှုရမယ့် ၂၀၂၆ ခုနှစ်ထွက် Action, Horror, Thriller ရုပ်ရှင်ကားကြီး “Backwoods Blood Feud” ကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းထဲမှာတော့ ဝရမ်းပြေး ရာဇဝတ်ကောင်တစ်စုဟာ ကြီးမားတဲ့ လုယက်မှုတစ်ခု ကျရှုံးသွားခဲ့ပြီးတဲ့နောက်မှာ ဥပဒေလက်လှမ်းမမီတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ဝေးလံခေါင်ဖျားတောနက်ကြီးတစ်ခုထဲကို ထွက်ပြေးပုန်းအောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ ခိုလှုံမိတဲ့ တောနက်ကြီးဟာ သာမန်တောအုပ်တစ်ခုမဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ ကောင်းလှတဲ့ သတ္တဝါဆန်းဂိုဏ်းကြီးနှစ်ခုရဲ့ ရက်ရက်စက်စက် သွေးမြေကျ အချင်းချင်း အားပြိုင်သတ်ဖြတ်နေကြတဲ့ နယ်မြေဖြစ်နေတာကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားပါတော့တယ်။

ရန်သူအချင်းချင်း သွေးကြွေးဆပ်နေကြတဲ့ တောကောင်ကြီးနှစ်စုကြားထဲမှာ ပိတ်မိသွားတဲ့ သာမန်လူသား ဝရမ်းပြေးတစ်စုဟာ မကြာခင်မှာပဲ သူတို့ကိုယ်တိုင် အမဲလိုက်ခံရမယ့် သားကောင်အဖြစ် ပြောင်းလဲသွားတဲ့အခါမှာတော့…။

မညှာမတာ သတ်ဖြတ်မယ့် သတ္တဝါဆန်းကြီးတွေရဲ့ ရန်ကနေ ဒီလူသားတစ်စု ဉာဏ်ကစားပြီး တောနက်ကြီးထဲကနေ အသက်ရှင်လျက် လွတ်မြောက်အောင် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို ဇာတ်ရှိန်အပြည့်နဲ့ ရင်တလှပ်လှပ် စောင့်ကြည့်ရမယ့် သတ္တဝါဆန်း အက်ရှင်သရဲကားကောင်းတစ်ကား ဖြစ်ပါတယ်။

Backwoods Blood Feud
Backwoods Blood Feud
Original title Backwoods Blood Feud
TMDb Rating 10 votes

Similar titles

Untold
Holy Night: Demon Hunters
Armed
Obsession
Village of the Dead
Wengi Anak Mayit
Lee Cronin’s The Mummy
Soulm8te
Head on a Plate
The Ritual
Yellow Eyes
Lake Jesup: Bonecrusher’s Revenge

Leave a comment

Name *
Add a display name
Email *
Your email address will not be published
Website

3 4 5 6
7
Telegram Channel Joinရန်