Telegram Channel Joinရန်

House of David 2x8

Episode 8

ဒီဇာတ်လမ်းတွဲလေးကတော့ ၂၀၂၅ မှာ ပူပူနွေးနွေး ထွက်ရှိထားပြီးတော့ ခရစ်ယာန်ကျမ်းစာထဲက အစ္စရေးနဲ့ ဂျူးဒက်က ဒုတိယမျိုးဆက် ရှေးဟောင်းဘုရင်တစ်ပါးဖြစ်တဲ့ ဒေးဗစ်အကြောင်းကို historical fiction အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။
ဇာတ်လမ်းအကျဉ်း
ဆမ်မြူရယ်ဟာ ဘုရားသခင်ရဲ့စကားကို ကြားသိခွင့်ရပြီး လူသားတွေကို ပြန်လည်မျှဝေရတဲ့ ရှေ့ဖြစ်ဟောသူပါ။ တစ်နေ့မှာတော့ ဘုရားသခင်က ရှေ့ဖြစ်ဟောသူ ဆမ်မြူရယ်ကို ဘင်ဂျမင်မျိုးနွယ်စုရဲ့ ဆောလ်ကို ဘုရင်အဖြစ် ဘိသိက်မြှောက်ပေးပြီး မင်းကျင့်ဝတ်နဲ့အညီ အုပ်ချုပ်စေဖို့ စေခိုင်းခဲ့ပါတယ်။ ဒါကြောင့် ဆမ်မြူရယ်ဟာ ဆောလ်ကို မင်းပြုပေးခဲ့ပြီး ဆောလ်ဘုရင်က ပထမဆုံးမင်းဆက်ဖြစ်လာကာ ဘုရားသခင်အလိုတော်အရ တကွဲတပြားဖြစ်နေတဲ့မျိုးနွယ်စုတွေကို လိုက်လံပေါင်းစည်းကာ တိုင်းပြည်ကြီးဖြစ်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာနဲ့ အခြွေအရံနောက်လိုက်အပေါင်းအပါ ပေါများလာတဲ့ ဆောလ်ဘုရင်ဟာ ဘုရားသခင်အလိုတော်ကို ဆန့်ကျင်ပြီး သူ့စိတ်တိုင်းကျ ခြယ်လှယ်စိုးမိုးပါတော့တယ်။ ဒီလိုနဲ့ မင်းကျင့်ဝတ်နဲ့ သွေဖယ်လာတဲ့ ဆောလ်ဘုရင်ဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းကို မခံရတော့တဲ့အတွက် ရှေ့ဖြစ်ဟောသူ ဆမ်မြူရယ်က ဘုရားသခင်အလိုတော်အရ ဘုရင်ရှာထွက်ရပါတော့တယ်။ တစ်ဖက်မှာတော့ အညတရ မျိုးမစစ် သိုးထိန်းသမားလေး ဒေးဗစ်ကတော့ စိတ်ကောင်းစေတနာရှိ နှိမ့်ချဖော်ရွေပြီး တစ်နေ့တစ်နေ့ သိုးထိန်းရင်းနဲ့ အချိန်ကုန်နေပေမဲ့ သူ့ဘဝဟာ သိုးထိန်းဘဝထက် ပိုပြီး အဓိပ္ပါယ်ရှိရမယ်လို့ တွေးနေမိသူပါ။ ဒါကြောင့် ဒီဇာတ်လမ်းတွဲလေးမှာတော့ ဒေးဗစ်က အညတရ သိုးထိန်းဘဝကနေ သမိုင်းတလျှောက် ကျော်ဇော်မဲ့ဘုရင်တစ်ပါး ဘယ်လိုလုပ်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်..

Nov 16, 2025

Links

House of David season 2

Leave a comment

Name *
Add a display name
Email *
Your email address will not be published
Website

Telegram Logo Link Telegram
Telegram Channel Joinရန်